Tuesday, May 3, 2011

15 Powerful Anti-Smoking Ads

ဆေးလိပ်မသောက်ဖို့ လှုံဆော်ထားတဲ့ ကြော်ငြာလေးတွေပါ။ ဆေးလိပ်သောက်ခြင်းကြောင့် လူအသက်ပေါင်းများစွာ ဆုံးရှုံးနေရတာကို ပုံလေးတွေမြင်ရုံနဲ့ သိနိုင်ပါတယ် ..


 ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်ကို သတ်သေနေတာပဲလို့ ဆိုလိုတာပါ

ဆေးလိပ်ငွေ့ ရှူရှိုက်မိသူဟာ သောက်သုံးသူနည်းတူ ဆိုးကျိုးတွေခံစားရ မှာဖြစ်လို့  ဆေးလိပ်သောက်သုံးသူဟာ ကိုယ့်ကိုယ်ကို သတ်ရုံမက ပတ်ဝန်းကျင်ကိုပါသတ်နေတဲ့ လူသတ်သမားနဲ့ တူပါတယ်တဲ့


UK မှာဆေးလိပ်သောက်လို့ တနှစ်ကို လူပေါင်း 106,000 သေတယ်လို့ပြောပါတယ်

ဆေးလိပ်သောက်ခြင်းကြောင့်သေဆုံးသူဦးရေဟာ ဟစ်တလာကြောင့်သေဆုံးသူတွေထက်များတယ်လို့ပြောပါတယ်



ဆေးလိပ်တဖွာ၊ တရှိုက်တိုင်းဟာ သောက်သုံးသူရဲ့ အနာဂါတ်ကို ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ

ဆေးလိပ်သောက်သုံးသူတွေရဲ့သွားတွေပါ

ဆေးလိပ်ဟာ သောက်သုံးသူရဲ့ အဆုတ် (lungs) ကိုဖျက်ဆီးတတ်ပါတယ်

အချိန်မနှောင်းခင် ဆေးလိပ်အမြန်ဖြတ်ကြပါတဲ့


အတုမြင်အတတ်သင်ပေါ့။ မိဘကိုယ်တိုင်က ဆေးလိပ်သောက်ရင် သားသမီးတွေလည်း ဆေးလိပ်သောက်လွယ်တဲ့ ဆိုတဲ့သဘောပါ။ မိသားစုရှေ့ရေးအတွက်ပါ စဉ်းစားသင့်ပါတယ်တဲ့ 

ဆေးလိပ်သောက်သူများဟာ ကင်ဆာရောဂါဖြစ်ဖို့ အခွင့်အရေးများကြောင်းကို ဆိုလိုချင်တာပါ
Source: toxel

No comments:

Post a Comment